ဒီ Video မှာ G Suite for Education အတွက် Sign up လုပ်နည်းကိုပြပါမယ်။ ပထမဆုံးလုပ်ရမှာကတော့ Online signup form ကိုဖြည့်ဖို့ပါ။ ဒီ Process မှာ လက်ရှိသုံးနေတဲ့ domain ကိုဆက်သုံးမလား Google ဆီက domain အသစ်တစ်ခုဝယ်မလားဆိုတာ ရွေးဖို့လိုပါလိမ့်မယ်။ လက်ရှိ domain ကို ဆက်သုံးမယ်ဆိုရင်တော့ Google ကို ဒီ domain ရဲ့ ပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း ပြသဖို့အတွက် ကိုယ့် Domain ရဲ့ DNS records တွေကို ဝင်ရောက်အသုံးပြုခွင့် ရှိထားဖို့လိုပါတယ်။ Sign up လုပ်စဉ်ကာလမှာ Google ဆီက domain ဝယ်ယူမယ်ဆိုရင်တော့ Google က Domain Verification ကို အလိုအလျောက် လုပ်ဆောင်သွားပါလိမ့်မယ်။ ကျောင်းအမည်ကို ဖြည့်သွင်းပြီး၊ ကျောင်းအမျိုးအစားကို ရွေးချယ်ပါ။ website လိပ်စာဖြည့်ပါ။ အဲဒီ website ကို သင့်ကျောင်းအတွက် အသုံးပြုဖို့အတွက် Google က Verify လုပ်မှာဖြစ်ပါတယ်။
နောက်ပြီး လူဘယ်နှစ်ယောက်သုံးမယ် ဆိုတာကိုလည်း ရွေးချယ်ပေးဖို့လိုပါလိမ့်မယ်။Account lock ကျသွားခဲ့ရင် ပြန်ရအောင် verification နဲ့ recovery လုပ်ဖို့အတွက် Phone number တစ်ခုလည်းဖြည့်ဖို့လိုပါတယ်။ ကိုယ့်အဖွဲ့အစည်းရဲ့လိပ်စာ၊ နာမည်ရှေ့စာလုံး First name နဲ့ နောက်စာလုံး last name နဲ့ လက်ရှိအသုံးပြုနေတဲ့ email ကိုဖြည့်သွင်းပေးပါ။ domain အတွက် လိုအပ်တဲ့အချက်အလက်တွေနဲ့ ညွှန်ကြားချက်တွေကို အဲဒီ email ကနေပြီး ဆက်သွယ်မှာဖြစ်တဲ့အတွက် အဲဒီ email လိပ်စာမှန်မမှန်ကို သေခြာပါစေ။ ဒီနေရာမှာတော့ ကိုယ်ပိုင် domain လိပ်စာကို ဖြည့်သွင်းမယ် သို့မဟုတ် domain အသစ်တစ်ခု ဝယ်ယူလိုတယ်ဆိုရင် ရှာဖွေလို့ရပါပြီ။ ဒီနေရာမှာ domain အသစ်ဝယ်လိုက်ရင်၊ domain ပိုင်ဆိုင်မှုကို အလိုအလျောက် verify လုပ်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ကိုယ်ပိုင် domain ကိုသုံးမယ်ဆိုရင်တော့ နောက်တစ်ချိန်မှာ သင့်ရဲ့ DNS records ကိုသုံးပြီး verify လုပ်ရမှာဖြစ်ပါတယ်။ လက်ရှိကိုယ်ပိုင် domain ကို သုံးတဲ့လမ်းကိုရွေးပါမယ်။ ဒါမှ နောက် video မှာ ဘယ်လို verify လုပ်လို့ရတယ်ဆိုတာ ပြလို့ရမှာပါ။ admin console ကို အသုံးပြုဖို့အတွက် admin username နဲ့ password ကို ရွေးချယ်ဖို့လိုပါလိမ့်မယ်။ နောက်ဆုံးမှာတော့ G Suite for Education ရဲ့ကျောင်းအတွက် ခွင့်ပြုချက် consent ကို ဖတ်ပြီး accept လုပ်ပေးရပါမယ်။ ရပါပြီ။ အခုအချိန်ကစပြီး G Suite for Education ၁၄ ရက် အစမ်းကာလစပါပြီ။ ဒီနေရာနေပြီး admin console က setup page ကိုသွားနိုင်သလို၊ Sign up လုပ်စဉ်အခါကဖြည့်သွင်းခဲ့တဲ့ Email ကိုပေးပို့လိုက်တဲ့ link ကနေတဆင့် လည်းသွားနိုင်ပါတယ်။ နောက် video မှာတော့ Domain ပိုင်ဆိုင်မှုကို verify လုပ်နည်းနည်းကိုပြောပြပါမယ့်။ ဒါမှ G Suite ကိုသုံးပြီး set up လုပ်နိုင်မှာပါ
ဒီ Video မှာ ကြိုတင်ဝယ်ယူခဲ့တဲ့ Domain ကို Verify လုပ်ပြီး G Suite ကို အသုံးပြုနိုင်ပုံကို ပြပါမယ်။ သိထားရမှာက G Suite for Education ကို Sign up လုပ်စဉ်က domain ကို Google ဆီကနေ ဝယ်ယူခဲ့တယ်ဆိုရင် ဒီအဆင့်ကို လုပ်ဖို့မလိုပါဘူး။ G Suite for Education ကို Sign up လုပ်ပြီးတဲ့ နောက်မှာ ဖြည့်သွင်းခဲ့တဲ့ ခုနက အချက်အလုက်တွေကိုသုံးပြီး admin.google.com ကနေ sign in လုပ်ပြီး admin console ကို access လုပ်လို့ရပါတယ်။ ပထမဦးဆုံးအကြိမ် sign-in ဝင်တဲ့အခါမှာ terms & conditions တွေကို ဖတ်ပြီး လက်ခံပေးဖို့လိုပါတယ်။ အဲဒီနောက်မှာတော့ G Suite environment ကို manage လုပ်လို့ရတဲ့ admin console ထဲရောက်ပါပြီ။ ပထမဆုံးအနေနဲ့ ထိပ်မှာရှိတဲ့ "click here to get started" ဆိုတဲ့ banner ကို click လုပ်ပြီး domain verify လုပ်ဖို့ စတင်လိုက်ပါ။ ဒီနေရာမှာ ရွေးချယ်စရာ ၂ လမ်းရှိပါတယ်။
အကယ်၍ ကြိုတင်ဝယ်ယူထားတဲ့ domain ရဲ့ email ရဲ့ MX record ကို ချိပ်ဆက်ထားတယ်ဆိုရင် domain ကို ပိုင်ဆိုင်ကြောင်းပြဖို့အတွက် DNS setting ထဲမှာ TXT လို့ခေါ်တဲ့ Text record ကို upload လုပ်ဖို့ အချက်ပြသတိပေးပါလိမ့်မယ်။ Gmail ကိုသုံးလိုတယ်ဆိုရင် MX record တွေကို ဖြည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် သင့် domain က MX record ကို Google က ရှာမတွေ့ဘူးဆိုရင်တော့ domain ကို verify လုပ်ဖို့အတွက် MX record ကိုဖြည့်သွင်းဖို့ အချက်ပြသတိပေးပါလိမ့်မယ်။ ဒါက Gmail နဲ့ mail လက်ခံခွင့်ကို လည်းပြုမှာဖြစ်ပါတယ်။ သိထားဖို့လိုတာက ဒီနေရာမှာ သင့်အနေနဲ့ MX verification ကိုဖြည့်သွင်းရာမှာ Domain Verification လိုအပ်ချက်အရသာဖြစ်ပြီး user တွေ email ရဖို့အတွက်ပြင်ဆင်နေတာမဟုတ်ပါဘူး။ "Activate" button ကို click လုပ်ပြီး တစ်ဆင့်ခြင်းစီ ဖတ်ပြီးရှေ့ဆက်သွားပါ။ အခုကိစ္စမှာတော့ ကြိုတင်ဝယ်ယူခဲ့တဲ့ domain မှာ MX record ကို set up လုပ်မထားပါဘူး။ သင်မြင်တဲ့အတိုင်းပဲ Google for Education Team က တတ်နိုင်သလောက် သင့်ရဲ့ domain host ကို သိအောင်ကြိုးစားပြီး DNS record များကို ပြင်ဆင်ရာမှာ သက်ဆိုင်ရာ host နဲ့ သင့်လျော်မယ့် တိကျတဲ့ Instruction တွေကို ပေးပါတယ်။ အခုကိစ္စမှာတော့ ကျွန်တော်ဝယ်ယူခဲ့တဲ့ Google Domain ကိုသွားပြီး MX record တွေဖြည့်ဖို့ instruction ပေးပါတယ်။ domin host နဲ့ သက်ဆိုင်ရာ အဆင့်တွေကိုလုပ်ဆောင်ပြီးသွားတဲ့နောက်မှာတော့ ရှေ့ဆက်ဖို့အတွက် "activate" ကိုနှိပ်ပါမယ်။ Domain verification process ပြီးဖို့ မိနစ်အနည်းငယ်ကြာအောင် စောင့်ရပါမယ်။ အကယ်၍ အမှားအယွင်းတစ်ခုခုရှိခဲ့တယ်ဆိုရင် နောက်တစ်ဆင့်အနေနဲ့ ဘာဆက်လုပ်ရမယ်ဆိုတာကို အကြောင်းကြားပါလိမ့်မယ်။ အောင်အောင်မြင်မြင်ဖြစ်သွားတဲ့အခါမှာတော့ Susccess message ရေးထားတဲ့ welcome page ရောက်ပါလိမ့်မယ်။ သင့််ရဲ့ Domain ကို verify လုပ်ပြီးပါပြီ။ အခုအချိန်မှာ Google က သင့်ရဲ့ G Suite for Educaiton လျောက်ထားမှုဟာ တစ်ကယ့်ကျောင်းအသုံးပြုမှုအတွက်ဟုတ်မဟုတ်ကို review လုပ်ပါလိမ့်မယ်။ esupport@google.com ကပေးပို့မယ် email သတိထားပြီးစောင့်ဖတ်ပါ။ နောက်ထပ် instruction တွေပေးကောင်းပေးပါလိမ့်မယ်။Google က review လုပ်နေတဲ့ ကာလအတွင်းမှာ user ၁၀ ဦးသာ သုံးခွင့်ရဦးမှာပါ သို့သော် အခုလို အစမ်းသုံးကာလမှာ organisation structure နဲ့ organisation units တွေကို ကြိုတင်ပြီးတည်ဆောက် နိုင်ပါပြီ။ နောက် Video မှာရှင်းပြပါ့မယ်။
OUs လို့အတိုကောက်ခေါ်တဲ့ Organizational Units တွေဟာ သင့်ရဲ့ user တွေကို အဖွဲ့အစည်းအလိုက်ခွဲခြားပေးနိုင်ပြီးတော့ မတူညီတဲ့ services တွေ၊ settings တွေ၊ permissions တွေကိုပေးပါတယ်။ အသေခြာ စီမံထားတဲ့ unit structure က G Suite for Education account တွေကို လွယ်လွယ်ကူကူ ထိထိရောက်ေရောက် manage လုပ်နိုင်ပါလိမ့်မယ်။ သင့်အဖွဲ့အစည်းနဲ့ အသင့်တော်ဆုံးဖြစ်မယ့် organizational structure ကို အချိန်အနည်းငယ်ယူပြီး စဉ်းစားစေလိုပါတယ်။ users အများကြီး အမှန်တကယ်စပြီးသုံးနေတဲ့ အချိန်ကျမှ ပြန်ပြီး OUs ကို ပြန်ပြောင်းမယ်ဆိုရင်ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ခက်ခက်ခဲပါလိမ့်မယ်။ Google က သူရဲ့ G Suite Admin Help Center နဲ့ G Suite for Education Quick Start IT Setup Guide မှာ အကြံဉာဏ် suggestion တွေပေးထားပါတယ်။
ဒီ Video မှာ ဆရာ၊ ကျောင်းသားနဲ့ အခြားဝန်ထမ်းတွေ organisation ၃ ခု ပါဝင်တဲ့ အခြေခံကျတဲ့ role-oriented structure တစ်ခုကို root OU အောက်မှာ ဖန်တီးပြပါမယ်။ Admin console က Menu ကိုသွားပါ။ ပြီးရင် directory နောက် organizational units ကိုသွားပါမယ်။ သင်ပြင်ဆင်လိုတဲ့ Root organization ကိုသွားပြီးနောက် plus button ကို click လုပ်ပြီး organisation unit တစ်ခု ဖန်တီးပါ။ နာမည်ရေးပါ။ အခုပြောမယ့်အဆင့်က မလုပ်လည်းရပါတယ် Organization ရဲ့ description ကို ဖြည့်သွင်းခြင်းပါ။ နောက်ထပ် ပြောမယ့်အဆင့်က မလုပ်လည်းရပါတယ် Parent Organization တစ်ခုရဲ့ အောက်မှာ နောက်ထက် Organization တစ်ခုထပ်ပြီးဖန်တီးလို့ရပါသေးတယ်။ လုပ်ချင်တယ်ဆိုရင်တော့ edit icon ကို click လုပ်ပါ။ ပြီးရင်တော့ create ကို click လုပ်ပါ။ အခုဆိုရင် staff OU က Root OU ရဲ့အောက်မှာ ဖန်တီးပြီးပါပြီ။ တစ်ခြား OU တွေကိုလည်း ဆက်လက်ဖန်တီးလိုက်ပါဦးမယ်။ ကျွန်တော်လုပ်ချင်တယ်ဆိုရင် အောက်မှာ နောက်ထပ် OU တွေ ဖန်တီးလို့ရပါသေးတယ်။ အဲဒီမျိုးဆက်တိုက်လုပ်သွားပါ။ အခုဆိုရင် ကျွန်တော်တို့တွေ organizational units တွေရရှိလာပါပြီး user တွေကို သက်ဆိုင်ရာ OU အောက်ကို ထည့်သွင်းလို့ရပါပြီ။ နောက် video မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို ရှင်းပြပါ့မယ်။
ဒီ Video မှာတော့ user တွေဖန်တီးပြီး နေရာချပါမယ်။ ဒီအဆင့်ကို မရောက်ခင်မှာ G Suite for Education ရဲ့ approval ကို ရထားပြီးဖြစ်နေရပါမယ်။ ပထမဦးဆုံး sign up လုပ်စဉ်က သင့်ရဲ့ request ဟာ G Suite for Education team ဆီကို approve လုပ်ပေးဖို့ အလိုအလျောက် ပေးပို့ပြီးသားပါ။ ဒါကြောင့် သင့်အနေနဲ့ esupport@google.com ဆီကနေပြီး နောက်ထပ် instructions တွေရရှိမှာဖြစ်ပါတယ်။ Approval process ပြီတာနဲ့ user တွေကို domain အောက်ကို ထည့်နိုင်ပြီး organisational units အောက်မှာ assign လုပ်နိုင်ပါပြီ။ အဲဒီလိုလုပ်နည်းတွေအများကြီးထဲကမှ ဒီနေ့မှာတော့ CSV file ကိုသုံးပြီး user တွေအများကြီး ထည့်သွင်းတဲ့ နည်းကိုပြပါမယ်။ Admin console ကေနျပီး Users ကိုသြားပါ။ အဲဒီ Page ရဲ့ ထိပ်မှာ Bulk upload users ဆိုတဲ့ link ကိုတွေ့ရပါလိမ့်မယ်။ Click လိုက်ပါ။ အခုတွေ့ရမယ့် box ထဲမှာ blank CSV template ကို download လုပ်ဖို့ link ကိုတွေ့ရမှာပါ။
download လုပ်ဖြစ်အောင်လုပ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ သူ့မှာ CSV ကိုပြန်ပြီး upload လုပ်ဖို့အတွက် မှန်ကန်တဲ့ format ရှိလို့ပါ။ ကျွန်တော်ကတော့ ကြိုတင်ပြီး download လုပ်ထားတာကြောင့် အခုဖွင့်လိုက်ပါတယ်။ အခုမြင်ရတဲ့ အတိုင်း သူ့မှာ user တစ်ဦးခြင်းစီရဲ့ အချက်အလက်တွေထည့်သွင်းဖို့ column တွေပါပါတယ်။ profile တွေဟာ Admin Console နဲ့ User Contacts Manager မှာပေါ်လာမှာပါ။ user တစ်ဦးခြင်းစီရဲ့ အချက်အလက်တွေကို column တွေထဲမှာ ဖြည့်သွင်းပါ။ နာမည် ရှေ့စာလုံး၊ နောက်စာလုံးနဲ့၊ email တို့ကိုဖြည့်ပါ။ username@yourdomain.com ဆိုတဲ့ format အတိုင်းဖြည့်သွင်းပါ။ Password ကတော့ ပုံမှန်လိုအပ်ချက်အရ အနည်းဆုံး စာလုံးရည် ၈ လုံးရှိဖို့လိုပါတယ်။ ဒါပေမယ့် ဒီလိုအပ်ချက်ကို Admin Console ထဲက setting မှာ ဝင်ပြောင်းနိုင်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ organisational unit path ကို ဖြည့်သွင်းနိုင်ပါပြီ။ ဒီမှာတော့ / ကို ထိပ်ဆုံး level OU လို့သတ်မှတ်ပြီး ၊ /name ကိုတော့ sub OU လို့သတ်မှတ်ပါတယ်။ အခုကိစ္စမှာတော့ /staff က sub-OU ဖြစ်ပြီး ၊ / တစ်ခုထဲ သက်သက်ကတော့ ကျွန်တော့်ရဲ့ root OU ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော မလုပ်လဲရပါတယ်။ အခြား column တွေကို ဖြည့်သွင်းလိုရင် ဖြည့်လို့ရပါတယ်။ မဖြည့်လိုရင်တော့ ကွက်လပ်အတိုင်းသာထားလိုက်ပါ။ ပိုပြီး သိလိုတယ် ဆိုရင် ဥပမာ email တွေအများကြီးထည့်ချင်တာမျိုး ဆိုရင် Google Quick Start IT Setup Guide မှာ Link အနေနဲ့ ပါတဲ့ Google's Help Center Article ကိုဖတ်ပါ။ လိုတဲ့ အချက်အလက်တွေဖြည့်ပြီးတဲ့အခါ CSV file အနေနဲ့ save လုပ်လိုက်ပါ။ သိထားဖို့လိုတာက file size ကို 35 megabytes အထိပဲအများဆုံးလက်ခံနိုင်ပြီး၊ file တစ်ခုမှာ record 150,000 ပဲလက်ခံနိုင်ပါတယ်။ အကယ်၍ အဲဒီအရေအတွက်ထက် user အရေအတွက်ကပိုများနေခဲ့မယ်ဆိုရင် CSV file ကို အကြိမ်ခွဲပြီးတင်ရမှာဖြစ်ပါတယ်။ Admin console ထဲ CSV ကို download လုပ်ခဲ့တဲ့ နေရာကိုပြန်သွားပြီး Attache CSV button ကိုနှိပ်ပြီး အချက်အလက်တွေ ဖြည့်ထားတဲ့ CSV file ကို ပြန်ပြီး upload လုပ်ပေးလိုက်ပါ။ Task list အလိုအလျောက်ပေါ်လာပြီး upload လုပ်တဲ့ progress ကိုပြပါမယ်။ processing လုပ်တာပြီးသွားတာနဲ့ email ကနေ report တစ်ခုရပါမယ်။ upload လုပ်စဉ်မှာ အမှားပါခဲ့ရင် details တွေပါတဲ့ log file တစ်ခုရပါလိမ့်မယ်။ အဲဒါဆိုရင် CSV file ကို ပြန်ပြီး အမှားပြင်ဆင်ခြင်း သို့မဟုတ် အလိုအပ်တဲ့အချက်အလက်တွေ ထပ်ဖြည့်ခြင်းတို့ကို လုပ်ရပါလိမ့်မယ်။CSV upload လုပ်ရာမှာ မှားလေ့မှားထရှိတဲ့ အကြောင်းအရေတွေကို Google Help Center Article ထဲက Adding Users with CSVs သို့မဟုတ် Support ကို အမြဲတမ်း Contact လုပ်လို့ရပါတယ်။ အခုလို users တွေကို upload လုပ်ပြီး နောက် Global Directory ထဲမှာ G Suite Services တွေပေါ်လာဖို့အတွက် ၂၄ နာရီလောက်စောင့်ရပါလိမ့်မယ်။ နောက် Video မှာတော့ User တွေရဲ့ services တွေကို ဘယ်လို ဖွင့်ပေးပြီး ဘယ်လို G Suite စသုံးရမလဲ ဆိုတာကို ပြပါမယ်။
မည်သည့်အဖွဲ့အစည်းမဆို Google Workspace အရင်အခေါ် G Suite ကို ထိထိရောက်ရောက်အသုံးပြုနိုင်ရန်အတွက် Organisation Structure (OU) များကို ဒီဇိုင်းလုပ်ရာတွင် Access Group နှင့် နားလည်မှုရောထွေးကာ ကောက်ချက်ချမိတတ်ပါသည်။ ထိုကြောင့် နားလည်လွယ်စေရန်အတွက် Google Slides ပြုလုပ်ပြီး ရှင်းပြထားပါသည်။