Drive လို့ အတိုကောက်ခေါ်တဲ့ Google Drive ရဲ့ အခြေခံကို ပြောပြပါ့မယ်။ Drive ဆိုတာကို သင်စိတ်ထဲ့မှာ ဖိုင်မျိုးစုံထဲလို့ရတယ့် လွယ်အိပ်လေးလို့ တွေးကြည့်လိုက်ပါ။ Word, PDF, Music and Video အမျိုးစုံထည့်လို့ရတဲ့ လွယ်အိပ်ကလေးပေါ့။ အဲဒီ Drive က Cloud ထဲမှာ ရှိတဲ့ အတွက် အဲဒီထဲမှာထည့်ထားတဲ့ File တွေကို သင့်ရဲ့ Internet ကို ချိပ်ဆက်တဲ့ ပစ္စည်းအားလုံးကနေ ကြည့်လို့ရပါတယ်။
Google Docs အကြောင်းဖြစ်ပါတယ်။ Doc ဆိုတာက တစ်ချိန်ထဲတစ်ပြိုင် Online မှာအတူတွ စာစီစာရိုက် လုပ်တဲ့ စနစ်ဖြစ်ပါတယ်။ Docs ကို Smartphone အပါအဝင် Internet ကို ချိပ်ဆက်တဲ့ ပစ္စည်းအားလုံးကနေ သုံးပြီး စာစီလို့၊ Share လို့ရပါတယ်။ အကောင်းဆုံးအရာကတော့ Doc ဟာ Cloud ကို အခြေခံတည်ဆောက်ထားတဲ့ အတွက် စာတွေကို အလိုအလျောက် Save လုပ်ပေးတာပါ။ အဲဒီတော့ Save ခလုပ်ကို နိုပ်စရာကို မလိုတော့ဘူးပေါ့။
Google Classroom ဟာ ဆရာ၊ဆရာမတွေ စာသင်ဖို့အတွက် သုံးရလွယ်တယ်တဲ့ သင်ထောက်ကူပစ္စည်းဖြစ်ပါတယ်။ စာသင်ခန်းဖွင့်မယ်၊ Assignment တွေပေးမယ်၊ အမှတ်ခြစ်မယ်၊ မှတ်ချက်ပေးမယ် စတဲ့ကိစ္စတွေအကုန်လုံးကို သူ့ကိုသုံးပြီးလုပ်ကိုင်နိုင်ပါတယ်။ ကျောင်းသားတွေအနေနဲ့ Group assignment ပဲဖြစ်ဖြစ်၊ တစ်ဦးခြင်းစီပဲဖြစ်ဖြစ် assignment လုပ်ပြီး ဆရာတွေရဲ့ မှတ်ချက်တွေကို ရယူနိုင်ပါတယ်။
Google Forms ကို အသုံးပြုပြီး စစ်တမ်းကောက်ကူခြင်း နှင့် ကျောင်းသားများကို စာစစ်နိုင်ပါတယ်။ ကျောင်းသားတွေရဲ့အဖြေကို ချက်ချင်းသိခွင့်ရပြီး၊ သူတို့အဖြေ အချက်အလေက်တွေကို Table Graph များ သို့မဟုတ် စာရင်းဇယား အနေနဲ့ လွယ်ကူစွာ ကြည့်လိုရပါတယ်။ ဒါကြောင့် တိုးတက်မှုအခြေအနေကို အလွယ်တကူ သိနိုင်ပြီး ဘယ်နေရာ ဘယ်ကဏ္ဋများမှာ လိုအပ်တယ် ဆိုတာကိုလည်း အလွယ်တကူအကဲဖြတ်နိုင်ပါတယ်။
Google Slides ကိုသုံးပြီး Presentation တွေကို ဖန်တီးလို့၊ ပြင်ဆင်လို့၊ share လို့ရပါတယ်။ လူအများကြီးက Presentation တစ်ခုထဲကို တပြိုင်နက်ထဲ ရေးသားလို့ရသလို၊ ဘာတွေပြင်ဆင်ရေးသားနေတယ်ဆိုတာ အချိန်တဲ့ တပြေးညီ သိခွင့်ရပြီး၊ ရေးသားသမျှကိုလည်း အလိုအလျောက် Save လုပ်ပေးမှာ ဖြစ်ပါတယ်။ Google Slides ကို နေရာစုံမှာ သုံးလို့ရပါတယ်။ Lecteur outline တွေရေးဖို့၊ လူစိတ်ဝင်စားအောင်တင်ပြဖို့ နဲ့ ကျောင်းသားတွေအတွက် စုပြီး လုပ်တဲ့ သုတေသန စာတမ်းရေးဖို့ မှာသုံးနိုင်ပါတယ်။
Google Sheets ကိုသုံးပြီး အချက်အလက်များကို စုဆောင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း တို့ကို အလိုရှိသလို ပြုလုပ်နိုင်သည်။ built-in formula တွေ Formatting Tool တွေ၊ အလွယ်တကူဖန်တီးနိုင်တဲ့ ဇယားများ နဲ့ Graph ကိုသုံးပြီး အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာနိုင်တဲ့ အစွမ်းထက်တဲ့ ကိရိယာတစ်ခုလည်းဖြစ်ပါတယ်။ သူ့ကို လူအများကြီးက တစ်ချိန်ထဲတပြိုင်ထဲသုံးပြီး တချိန်နဲ့တပြေးညီ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။ လုပ်သမျှကို အလိုအလျောက် Save လုပ်ပေးနေမှာလည်းဖြစ်ပါတယ်။
Google Drawings က Graphic သမားတွေ၊ ပုံတွေကို label ထိုးဖို့လိုတဲ့အခါတွေ၊ အတန်းထဲမှာ အပြန်အလှန်လေ့လာ သင်ကြားမှုများအတွက် အကောင်းဆုံးဖြစ်ပါတယ်။ သူ့ကိုသုံးပြီး သတင်းအချက်အလက်၊ သတင်းလွှာနှင့် အခြားပုံနှိပ်မီဒီယာများကို ဖန်တီးနိုင်ပါတယ်။ Drawings ဆိုတာ လူတွေအားလုံး တပြိုင်နက်ထဲဆွဲလို့ရတဲ့ Canvas စတစ်ခုဖြစ်သလို image file များ အနေနဲ့လည်း download လုပ်လို့ရပါတယ်။ Google Docs Google Sites များမှာလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။ သူက ကျောင်းသားတွေအတွက် တခြား Tools တွေက မပေးနိုင်တဲ့ တီထွင်ဖန်တီးမှုနဲ့ ပူပေါင်းဆောင်ရွက်နိုင်မှုကိုပေးပါတယ်။
Google Sites ဟာ ဆရာ၊ ကျောင်းသားနဲ့ မိဘအုပ်ထိန်းသူတွေ အကြား ပေါင်းစပ်ပေးတဲ့ Google for Education Product တစ်ခုဖြစ်ပါတယ်။ သူ့ကို Online classroom, School Notice Board, Learning Materials Hosting စသဖြင့် သင်နှစ်လိုရာအတိုင်း ဖန်တီးမှု စွမ်းရည် ရှိသလိုသုံးလို့ရပါတယ်။