Google for Education အသုံးပြုနည်း အခြေခံများကို အချိန်တိုတိုနဲ့ ထိထိရောက်ရောက်ဖြစ်အောင် ကြိုးစားပြီး ရှင်းပြပေးထားပါတယ်။ ကျွန်တော်တို့ အမြင်မှာ COVID-19 လွန်ပြီး နောက်လာမည့်နှစ်များကစပြီး Computer Literacy ၊ Cloud Computing နဲ့ Communication Skill တို့ဟာလွန်အရေးကြီးတဲ့ Skills တွေ ဖြစ်လာကြမှာပါ။ ဒါကြောင့် စာအုပ်နဲ့ ခဲတဲ့ ကို သုံးပြီး စာရေးတာထက် Digital စနစ်နဲ့ စာရေးပြီး ဆက်သွယ်အလုပ်လုပ်တာ ပိုပြီး အရေးပါလာမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က Digital Literacy နဲ့ သက်ဆိုင်တဲ့ သင်ခန်းစာများကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ Facebook နဲ့ YouTube ကနေ တဆင့်သင်ကြားပေးနေပါတယ်။
The Google for Education Teacher စင်တာမှ အထောက်အကူပြုသင်ခန်းစာများမှ သင်တို့၏ ဆရာ၊ ဆရာမများကို GfE ကို ထိရောက်ကောင်းမွန်စွာ အသုံးပြုနည်းများ၊ နည်းပညာအသစ်များကို ကျွမ်းကျင်အဆင့်အထိ သင်ကြားပေးပါသည်။
ဆရာ၊ ဆရာမများအတွက် သင်ကြားရေးအတွက် အထောက်အကူပြုမယ့် နည်းပညာများ၊ မဟာဗျူများကို ၁ ဦး ၁ ယောက်ချင်းစီ ရဲ့လိုအပ်ချက်အတိုင်း သင်ကြားပေးသည့် အစီအစဉ်ဖြစ်ပါတယ်။ ယခုသင်ရိုးညွှန်းတမ်းကို တစ်ခုပြီးမှ တစ်ခုကိုဆက်တက်ပါရန်။ (အစီအစဉ်လိုက်တက်ပါရန်)
ကျောင်းသူ / သားများ၊ ဆရာများ နှင့် မိသားစုများအားများကို ပညာဆက်လက်သင်ယူနိုင်ရန်အတွက် လိုအပ်သည့် အကူအညီနှင့် အကြံဉာဏ်များရရှိနိုင်သည့် Website ဖြစ်သည်။
YouTube Learning လူတိုင်းအရွယ်တိုင်းအတွက် အရည်အသွေးကောင်းမွန်သော သင်ကြားမှုအကြောင်းအရာများကို စုစည်းပြသထားသော နေရာတစ်ခုဖြစ်ပါတယ်။ ရူပဗေဒမှ ရုပ်ရှင်ရိုက်ကူးခြင်းအထိ သင်စိတ်ဝင်တစား စူးစမ်းရှာဖွေလိုတဲ့ အကြောင်းအရာများကို နေရာတွင်တွေ့ပါလိမ့်မည်။ ဒါကြောင့် သင့်အနေနဲ့ စာမေးပွဲအတွက်လေ့လာနေသည်ဖြစ်စေ၊ ကျွမ်းကျင်မှုအသစ်တစ်ခုသင်ယူလိုသည်ဖြစ်စေ၊ သင့်ပတ် ဝန်းကျင်နှင့်ပတ်သက်ပြီးသိလိုသည်ဖြစ်စေ YouTube.com/Learning တွင်သင့်အတွက် လေ့လာစရာ တစ်ခုခုတော့ရှိနေမှာပါ။
Think Like A Coder ကြည့်မိတဲ့ အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က Looping, Boolean, Arrays, Sorting & Searching တွေကို အတန်းထဲက ကျောက်သင်ပုန်းပေါ်မှာ ဆရာမ ဒေါ်သင်းသုနိုင် ကရေး ကျွန်တော်တို့က စာအုပ်ထဲမှာ Programme ရေး စနေနေ့ Computer Lab ထဲမှာ Code တွေ run လုပ်ခဲ့တဲ့ အချိန်ကို ပြန်ရောက်သွားပါတယ်။ အခုလိုမျိုး အချိန်မရွေး YouTube က Cartoon လေးကြည့်ပြီး Coding Theory သင်လို့ရတယ်ဆိုတာ အဲဒီအချိန်တုန်းက တွေးတောင် မတွေးမိခဲ့ပါ။ Think Like A Coder မှာ သင်ပြတာလေးတွေ ဟာ အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ လူငယ်တွေကံကောင်းပါတယ်။